Posts

Showing posts from June, 2019

အသီးအရွက်စားခြင်း၏ အကျိုးကျေးဇူးများ

Image

ဆဲဆိုခြင်းမှ ရသော အကျိုးများ

Image
ရေးသားသူ Dr. Ye Pyae Hein ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe ဆဲဆိုခြင်းမှ ရသော အကျိုးများ သင် အံ့သြသွားပါသလား။ ဆဲဆိုခြင်းသည် မသင့်တော်သောအကျင့်ဟု ထင်စရာဖြစ်သော်လည်း ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အောက်ပါအကျိုးများပေးနိုင်သည်ကိုတော့ သင်သိချင်မှသိပေလိမ့်မည်။ စိတ်ဖိစီးမှုပြေလျော့စေခြင်း ဆဲဆိုခြင်းသည် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နာကျင်ခြင်းကိုပင် သက်သာစေနိုင်ပါသည်။ မကြာသေးခင်ကပြုလုပ်သော လေ့လာချက်တွင် ဆဲဆိုခြင်းက စိတ်ဖိစီးမှုကိုလျော့ကျ၍ နှလုံးခုန်နှုန်းကိုလည်းနှေးစေကြောင်း ဖော်ပြထားသည်။ သွေးပေါင်ချိန်ကိုကျစေ၍ အသက်ရှုခြင်းကိုလည်း ညင်သာစေပါသည်။ နာကျင်မှုကိုပိုမိုခံနိုင်ရည်ရှိခြင်း Richard Stephens ဆိုသူကျွမ်းကျင်ပညာရှင်က စမ်းသပ်မှုတစ်ခုပြုလုပ်ရာတွင် ပါဝင်သူများကို ရေခဲရေဖြည့်ထားသောရေပုံးထဲသို့ လက်ထည့်၍ မည်မျှအထိခံနိုင်ရည်ရှိကြောင်း စမ်းသပ်ခဲ့သည်။ အုပ်စု နှစ်စုခွဲ၍လေ့လာရာတွင် ရေခဲထဲသို့လက်ထည့်ထားစဉ် နှုတ်မှ ဆဲဆိုသောစကားများရွတ်ဆိုနေသောသူများက မဆဲဆိုသောသူများထက် ပိုမိုခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။ အချို့သိပ္ပံပညာရှင်များက ယူဆသည်မှာ ဆဲဆိုနေစဉ်တွင် ဦးနှောက်မှ အက်ဒရီနယ်လင်(Adrenali

နွားနို့

Image
ဆ ရာ မ ကြီး ပြော တဲ့ နွားနို့  အကြောင်း စုံစုံလင်လင် မှတ်သားဖွယ် နွားနို့ကို ကြိုက်လို့ သောက်တာလား ကျန်းမာရေး အတွက် သောက်တာလား ကလေးငယ်များကို ကြီးထွား ကျန်းမာစေချင်တာလား အရိုးကျန်းမာရေးက နွားနို့ကြောင့်လို့ ထင်နေတာလား လေ့လာ ဆင်ခြင် သုံးသပ်ရင်း ကျွန်မတို့တွေ ဆရာမကြီး ရဲ့ ဗဟုသုတများကိုလိုက်နာကြရအောင်ပါ။ 🐄 နွားနို့ထဲမှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ လူ နဲ့ နွား သဘာဝခြင်း မတူတာမို့ လူ့အစာလမ်းကြောင်းမှာ အစာမချေနိုင်ခြင်း။ 🐄 ကိုယ်ဝန်ရှိသောနွားမများ မှသာလျှင် နွားနို့ ညှစ်ယူရတာမို့ ဟော်မုန်းဓာတ်တွေအလွန်များခြင်း နွားမများဆီမှ သဘာဝလတ်လတ်ဆတ်ဆတ် ညှစ်ပြီး ကြိုချက်သောက်လည်း နွားတွေမှာ သယ်ဆောင် တတ်တဲ့ (Brucella)ခေါ်တဲ့ ပိုးတစ်မျိုး ရှိခြင်းကြောင့် သဘာဝ နွားနို့တွေမှာ  သန်စင်အောင် မလုပ်ထားနိင်တာမို့ အဲ့ဒီပိုး ရမိရင် အဖျား အလွန်ကြီးတတ်ခြင်း အဖျားတော်တော်နဲ့မကျဘဲ ပြန်ကောင်းလိုက် ပြန်ဖြစ်လိုက်ဖြစ်ခြင်း အဲ့ဒီပိုးက( မီးဖိုပေါ်ကြို ယုံနဲ့ မသေပါ)။ 🐄 စီးပွားဖြစ် Ready-made နွားနို့များမှာလည်း နို့များများထွက်အောင် ဟော်မုန်းတွေထိုးပေးထားခြင်း။ 🐄 နွား

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင်

Image
၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ ၂။ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း စားပေးပါ။ (green beans to stop the period) ရပ်ချင်ရင်စားတာပါ။ ၃။ သင့်ဆီးလမ်းကြောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ကြက်သွန်နီကို အစိမ်းစားသုံးပေးပါ။ ၄။ သင့်ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် နေ့ခင်းဘက်မှာ ရေများများသောက်ပြီး၊ ညဘက်မှာ ရေလျှော့သောက်ပါ။ ၅။ သင့်နှာခေါင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ပူစီနံရွက်ကို ပုံမှန်စားသုံးပေးပါ။ ၆။ သင့် ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အပေါ့စွန့်ပါ။ ၇။ သင့်အသည်းကို တကယ်ဂရုစိုက်တယ်ဆိုရင် အဝလွန်စေမယ့်အစာတွေ စားသုံးခြင်းကို ရှောင်ပါ။ ၈။ သင့်ခံတွင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် နှမ်းဆီနဲ့ ပုံမှန်ပလုတ်ကျင်းပါ။ ၉။ သင့်လည်ချောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ငရုတ်ကောင်းကို ပုံမှန်စားသုံးပေးပါ။ ၁ဝ။ သင့်အစာအိမ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် အအေးစာတွေ စားသုံးခြင်းကို ရှောင်ပါ။ ၁၁။ သင့်အူအတက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် သံပုရာရည်ကို မကြာခဏသောက်သုံးပေးပါ။ ၁၂။ သင့်နှလုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အငံလျှော့စားပါ။ ၁၃။ သင့်မျက်လုံးက

အကျိုးများလှတဲ့ ဆန်ဆေးရည်

Image
အကျိုးရှိစွာသုံးစွဲနည်း *ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှ်လို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ *ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပ

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်

Image
ရေးသားသူ - Dr. KMN H1N1 ရောဂါကို ကာကွယ်ဆေးထိုးလို့ရတယ်ဆိုပြီး ခပ်ပေါ့ပေါ့ပြောနေကြတာတွေနဲ့ပတ်သတ်ပြီး နည်းနည်းတော့ပြောချင်ပါတယ်။ အခု လက်ရှိရာသီ အတွက် ထုတ်ထားတဲ့  တုပ်ကွေး ကာကွယ်ဆေး မှာ Seasonal H1N1 ( ရာသီပေါ် H1N1)ရယ်  H3N2 ရယ် အတွက်  ကာကွယ်နိုင်မှာတွေပဲ ပါပါတယ်။ ဒါပေမယ့် Novel H1N1 ဆိုတဲ့  အသွင်းပြောင်း H1N1 ကိုတော့  လုံးဝမကာကွယ်နိုင်မှာမဟုတ်ပါ။ H1N1 Virus ပိုးတွေရဲ့ ထူခြားချက် က မျိုးစိတ်ကွဲ တစ်ခု တည်းမှာတင် မျိုးဗီဇ နည်းနည်း နည်းနည်း ပြောင်းပြီး  ပေါ်ပေါ် လာတတ်တာပါပဲ။ ဆိုလိုချင်တာက  ပြီးခဲ့တဲ့ ရာသီ က ပေါ်ခဲ့တဲ့ "H1N1" နဲ့  နောက်တစ်ရာသီ မှာ ပေါ်မယ့် "H1N1"  ချွတ်စွပ် မတူတာမျိုးပါ။ အဲဒါကြောင့် ကုသရန်ဆေးဆိုတာကလည်း ရောဂါပိုးပေါ်ပြီးမှ စမ်းသပ်ရတာဖြစ်တဲ့အတွက် ကုသရန် ဆေးမရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ကုသဖို့အင်မတန်မှ ခက်ခဲပါတယ်။ လူနာရဲ့ကိုယ်ခံအား တစ်နည်း  ကံတရားအပေါ်မှာသာ အဓိကမူတည်ပါတယ်။ အဓိက ကြောက်ရမှာ စိုးရိမ်မှာ က လူတွေ အများကြီး အစုလိုက် အပြုံလိုက် ကို ကပ်ရောဂါ အသွင်နဲ့ ကူးစက်နိုင်ပြီး ကူးစက်သူ အ

H1N1 သတိ

Image
ရေးသားသူ - ဖြိုးဖြိုး​အောင်​ အခုတလော H1N1 ရာသီတုပ်ကွေးအဖြစ်များလာပြီဆိုတော့ အားလုံးကျန်းမာရေးဂရုစိုက်ကြ Reminder လုပ်ပေးချင်ပါတယ်။ - လက်ဆေးဖို့အထူးပြောချင်တယ် ကျွန်တော်တို့လက်တွေက အရာဝတ္ထုပေါင်းစုံနဲ့ အမြဲထိတွေ့နေရတာကြောင့် မသန့်ရှင်းဘူး၊ ရောဂါပိုးကူးစက်နိုင်ချေ များပါတယ်။ ၂နာရီခြားတစ်ခါ လက်ဆေးရင်တောင် အပြည့်အဝမကာကွယ်နိုင်ပါဘူး။ ဒါကြောင့် Hand gel ဆောင်ထားပြီး မကြာခဏ လက်ကိုသန့်ရှင်းပေးပါ။ - အသက်ရှူလမ်းကြောင်းကတစ်ဆင့် ရောဂါပိုးကူးစက်နိုင်လို့ လူထူထပ်တဲ့နေရာတွေကို သွားရတယ်ဆိုရင်လည်း Face Mask တပ်သွားရင် ပို safe ဖြစ်ပါတယ်။ - ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေရင် ရောဂါပိုးဝင်နိုင်ချေနည်းပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ဖြိုးဆို အပြင်သွားတိုင်း ရေဘူးဆောင်ထားတယ်။ -ကိုယ်ခံအားကောင်းဖို့ရာ တစ်နေ့ကို Vitamin C ပုံမှန်မှီဝဲဖို့ အကြံပြုချင်တယ်။ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေစားပေးပါ။ ဥပမာ- ဖြိုးဆိုရင် Enervon C လိုမျိုး Vitamin C ပါတဲ့ အားဆေးတွေသောက်လည်းရပါတယ်။ -လူကအိပ်ရေးမဝပဲ ပင်ပန်းနုံးချိနေရင် ကိုယ်ခံအားကျတတ်ပါတယ်။ အဲ့တာကြောင့် အိပ်ချိန်(၇) နာရီပြည့်အောင်အိပ်ပြီး အာဟာရပြည့်ဝအောင်လည်း စာ

ရေသောက်ကြမယ်

Image
ရေဟာ ကိုယ်ခန္ဓာ ကျန်းမာရေးမှာ အဓိက လိုအပ်ချက် တစ်ခုပါပဲ။ လူရဲ့ ခန္ဓာကိုယ် ၅၀ % ခန်းဟာ ရေဓါတ်ဖြစ်ပါတယ်။ ၀ိတ် ကျဖို့မှာလဲ ရေဟာ အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ကျနော် ရေသောက်နည်း သင်ပေးပါ့မယ်။ ဘုရား ဒီလူ သူများတွေကို ဆရာလုပ်တာတယ် ၀ါသနာပါ ပါလား။ ရေသောက်တာတောင် သင်ပေးမယ်ဆိုပဲ။ ရေအိုးထဲကရေကို ခွက်နဲ့ ခပ်သောက်တာကို သင်ပေးရအောင် ၃ နှစ်ကလေးတွေများ မှတ်နေလား။ တကယ်တော့ ရေသောက်တာ လွယ်လွယ်လေးပါ။ ဒါပေမယ့် သိထားဖို့လိုတာလေးတွေ ပြောပြချင်တာပါ။ ပထမ တစ်ချက်က လူဟာ ရေ ၂ လီတာလောက် နေ့စဉ်လိုတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါ။ ယျေဘူယျသာမှန်ပါတယ်။ အလုပ်အကိုင် အခြေအနေ၊ ရာသီဥတု အသက်အရွယ် လူကိုယ်ခန္ဓာပေါ်မူတည်ပြီးကွဲပါတယ်။ ဒါကြောင့် လိုရင်သောက်ပါ။ ဘယ်အချိန်လိုပါသလဲ။ တစ်နည်းပဲ ကျနော်လဲ သေချာ သိပါတယ်။ ဆီးသွားတဲ့အခါ ၀ါ နေရင် ကိုယ်ခန္ဓာမှာရေလိုနေတယ်လို့ ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ Vitamin B, မုန်လာဥနီတွေ၊ Multivitamin yellow color တွေမစားပဲ ၀ါ နေရင် အဲ့ဒါ ရေလိုတာပါ။ အဲ့ဒါကို သတိထားပြီးရေသောက်ပေးဖို့လိုပါတယ်။ အကောင်းဆုံးက အလုပ်လုပ်နေတဲ့အချိန်မှာ ရေခွက်၊ ရေပုလင်းကို ဘေးနားချထားပြီးမှန်မှန်လေး သောက်နေတာဖြစ်ပါတယ်။

H1N1 တုပ်ကွေး ကင်းစင်ဖို့ ကိုယ်ခံအားစနစ် မြင့်တက်စေမည့် အစာများ

Image
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) - - - - - - - - - - - - - - - - - - - - - - - - - - - အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။ (၁) စွပ်ပြုတ် စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။ (၂) ပုဇွန် ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါဝင် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ  ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။ (၃) ဗီတာမင်စီပါဝင်မှုများသည့် အစာများ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါ

လက်သည်းပွင့်ခြင်းအကြောင်း

Image
လက်သည်း အလယ်မှာ အဖြူစက်လေး တွေပေါ်လာတာ ကောင်းတယ်လို့ ထင်နေ တာလား ? တစ်ချို့ တွေက လက်သည်း အလယ်မှာ အဖြူရောင် အကွက် ကလေးတွေ တွေ့ရင် လက်ချောင်း တွေရဲ့ ၀ါစဉ် သတ်မှတ်ချက် အလိုက် လူတစ်ယောက်အပေါ်မှာ သက်ရောက်မှု ရှိတယ်လို့ ဆိုနေကြ ပါတယ် ။ ။ ။ ။ ။ ဥပမာ အားဖြင့် လက်သန်း လက်သည်း ရဲ့ အလယ် မှာ အဖြူရောင် အမှတ်အသား တွေရင် ” သနား ” ဆိုပါ တော့ ။ ။ ။ ။ အဓိပ္ပယ် ကောက်တာက လူတွေရဲ့ ချစ်ခင်ခြင်း ကို ခံရမယ် လို့ ဆိုပါတယ် ။ ။ ။ ။ ။ ။ ။ ။ ဒီလိုပဲ လက်လက်မ ကနေ လက်သူကြွယ် အထိ ” ချစ် ၊ ခင် ၊ မုန်း ၊ ကြိုက် ” ဆိုပြီး အ စဉ် အတိုင်း ကောက် ကြပါတယ် ။ ။ ။ ။ ။ ။ ဒါပေမယ့် ဆေးပညာ အမြင် အရကြတော့ ဒါတွေ ဟာ ကျန်းမာ ရေး မကောင်းတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ် ။ ။ ။ ။ ။ ။ ။ တစ်နည်း ဆို ရသော လက်သည်း ကို တစ်ခုခု နဲ့ ထိခိုက် မိပြီးနောက် ၊ ( Truma ) ဆိုတဲ့ ရောဂါ လက္ခဏာ ကို ပြတာလို့ ဆိုပါတယ် ။ ဒီလောက် အထိတော့ စိုးရိမ် စရာ မရှိသေး ပါဘူး ။ ။ ။ ။ ။ ။ ။ တစ်ခါ တလေ ကားတံခါးနဲ့ ညှပ်မိလို့ ဖြစ်တတ် သလို ၊ လက်သည်း ကိုက်တဲ့ အကျင့် ရှိရင်လည်း ဖြစ်တတ် ပါတယ် ။ ။ ။ ။ ။ ဒါပေမယ့် အကြောင်းမဲ့ အဖြူ အမှတ် အသား ပေါ်လာရင်တော့ ဆရာဝန်ဆီ သွားပြ တာက အကောင်းဆု

နံနက်စာ မစားတဲ့သူတွေ ဘာဖြစ်နိုင်လဲ 😒🥗

Image
ရေးသားသူ - AD - Secret Diary ဒီနေ့တော့ AD က နံနက်စာကို အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အကျိုးရှိအောင် ဘယ်လိုစားရမလဲ၊ ဘာတွေစားရမလဲ၊ စတာတွေကို ဖော်ပြပေးချင်ပါတယ်။ အရင်ဆုံး နံနက်စာမစားတဲ့သူတွေ ဘာဖြစ်နိုင်လဲဆိုတာ ပြောပြပေးမယ်နော်။ 1. Gym ဆော့ပေမယ့် ကိတ်မလာတော့ဘူး။ 🏋🏋️‍♀️⏳🤷‍♂️🤷‍♀️ နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကိုစားပေးရပါတယ်။ မစားဘူးဆိုရင်တော့ သင်လိုချင်တဲ့အကိတ် goal နဲ့ ဝေးသွားမှာပါ။ 2. ဦးနှောက်မကောင်းတော့ဘူး။ 🙄😮🤔😵 နံနက်စာစားပေးတဲ့အခါ ဦးနှောက်အားကောင်းစေပါတယ်။ နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဥာဏ်စွမ်းရည် ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်အသုံးပြုအလုပ်လုပ်ရတဲ့သူတွေဟာ နံနက်စာစားပေးသင့်ပါတယ်။ 3. ဆံပင်ကျွတ်နိုင်တယ်။ 😐😐😐😐 နံနက်စာမစားတဲ့အခါ ပရိုတင်းကို ပြည့်ဝစွာမရရှိနိုင်ဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin မရရှိတော့ပါဘူး။ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေမဖြစ်ချင်ရင်တော့ နံနက်စာစာပေး

Mask တပ်​နည်း

Image
ပုံမှာ ပြထားသလို အဖြူကိုအတွင်းဘက် အစိမ်းကိုအပြင်ဘက်ထားတပ်တာဟာ ကိုယ့်ဆီက ရောဂါတွေ သူများတွေဆီ မရောက်အောင်ပါ။ အထူးသဖြင့် ဒီ surgical mask တွေကို ခွဲခန်းတွေမှာ ဆရာဝန်၊ ဆရာမတွေတပ်ရတဲ့ရည်ရွယ်ချက်က ကိုယ့်ဆီက စကားပြော၊ ချောင်းဆိုးလိုက်ရင် တံတွေးတွေ၊ အရ်ာတွေ လူနာဆီ ရောက်မှာဆိုးလို့ ကာကွယ်တာပါ။ Live မှာ ပြောဖို့ ကျန်ခဲ့လို ထပ်မံဖြည့်စွက်လိုက်တာပါရှင် အဖြူဘက်ခြမ်းမှာ filter လေးပါတဲ့အတွက် တကယ်လို့ ကိုယ့်မှာ တုပ်ကွေးရှိတယ်ဆိုရင် အဖြူကိုအတွင်းဘက်ထားပြီး အပြာ (သို့) အစိမ်းကို ပုံမှာပြထားသလို အပြင်ဘက်ထားပြီး တပ်ရမှာပါ။ ဒါဆို အပြင်ကဟာတွေ မဝင်စေချင်ရင်၊ ပတ်ဝန်းကျင်က ပိုးမွှားတွေကို ကာကွယ်ချင်ရင်တော့ အဖြူဘက်အခြမ်းကို အပြင်ဘက်မှာ ထားပြီး အပြာ (သို့) အစိမ်းကို အတွင်းဘက်ထား တပ်ရမှာပါ။ . . မိသားစုဝင်တစ်ယောက်ယောက်က တုပ်ကွေးမိနေတဲ့အခါ ကျန်တဲ့သူတွေဟာ mask ကိုလည်း သေချာတပ်ဆင်မယ်၊ လက်ဆေးတဲ့အကျင့်လည်းရှိမယ်၊ ဖျားနေတဲ့ သူနဲ့လည်း သိပ်နီးနီးကပ်ကပ် နေတာမျိုးလည်း မလုပ်ဘူးဆိုရင် မိသားစု ဝင်တွေကို ပြန့်ပွားနိုင်နှုန်း ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါတယ်။ . . ဒါပေမယ့် အမြဲတမ်း တပ်နေရမှာကတော့ စိတ်ရှုပ်စရ