H1N1 သတိ


ရေးသားသူ - ဖြိုးဖြိုး​အောင်

အခုတလော H1N1 ရာသီတုပ်ကွေးအဖြစ်များလာပြီဆိုတော့ အားလုံးကျန်းမာရေးဂရုစိုက်ကြ Reminder လုပ်ပေးချင်ပါတယ်။

- လက်ဆေးဖို့အထူးပြောချင်တယ် ကျွန်တော်တို့လက်တွေက အရာဝတ္ထုပေါင်းစုံနဲ့ အမြဲထိတွေ့နေရတာကြောင့် မသန့်ရှင်းဘူး၊ ရောဂါပိုးကူးစက်နိုင်ချေ များပါတယ်။ ၂နာရီခြားတစ်ခါ လက်ဆေးရင်တောင် အပြည့်အဝမကာကွယ်နိုင်ပါဘူး။ ဒါကြောင့် Hand gel ဆောင်ထားပြီး မကြာခဏ လက်ကိုသန့်ရှင်းပေးပါ။

- အသက်ရှူလမ်းကြောင်းကတစ်ဆင့် ရောဂါပိုးကူးစက်နိုင်လို့ လူထူထပ်တဲ့နေရာတွေကို သွားရတယ်ဆိုရင်လည်း Face Mask တပ်သွားရင် ပို safe ဖြစ်ပါတယ်။

- ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေရင် ရောဂါပိုးဝင်နိုင်ချေနည်းပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ဖြိုးဆို အပြင်သွားတိုင်း ရေဘူးဆောင်ထားတယ်။

-ကိုယ်ခံအားကောင်းဖို့ရာ တစ်နေ့ကို Vitamin C ပုံမှန်မှီဝဲဖို့ အကြံပြုချင်တယ်။ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေစားပေးပါ။ ဥပမာ- ဖြိုးဆိုရင် Enervon C လိုမျိုး Vitamin C ပါတဲ့ အားဆေးတွေသောက်လည်းရပါတယ်။

-လူကအိပ်ရေးမဝပဲ ပင်ပန်းနုံးချိနေရင် ကိုယ်ခံအားကျတတ်ပါတယ်။ အဲ့တာကြောင့် အိပ်ချိန်(၇) နာရီပြည့်အောင်အိပ်ပြီး အာဟာရပြည့်ဝအောင်လည်း စားပေးပါ။

အားလုံးပဲ ဒီရက်ပိုင်းမှာ ကျန်းမာရေးကိုဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ကြဖို့ ဖြိုးကသတိပေးလိုက်ပါတယ်။

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်