ရေသောက်ကြမယ်


ရေဟာ ကိုယ်ခန္ဓာ ကျန်းမာရေးမှာ အဓိက လိုအပ်ချက် တစ်ခုပါပဲ။ လူရဲ့ ခန္ဓာကိုယ် ၅၀ % ခန်းဟာ ရေဓါတ်ဖြစ်ပါတယ်။ ၀ိတ် ကျဖို့မှာလဲ ရေဟာ အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။

ကျနော် ရေသောက်နည်း သင်ပေးပါ့မယ်။ ဘုရား ဒီလူ သူများတွေကို ဆရာလုပ်တာတယ် ၀ါသနာပါ ပါလား။ ရေသောက်တာတောင် သင်ပေးမယ်ဆိုပဲ။ ရေအိုးထဲကရေကို ခွက်နဲ့ ခပ်သောက်တာကို သင်ပေးရအောင် ၃ နှစ်ကလေးတွေများ မှတ်နေလား။

တကယ်တော့ ရေသောက်တာ လွယ်လွယ်လေးပါ။ ဒါပေမယ့် သိထားဖို့လိုတာလေးတွေ ပြောပြချင်တာပါ။

ပထမ တစ်ချက်က လူဟာ ရေ ၂ လီတာလောက် နေ့စဉ်လိုတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါ။ ယျေဘူယျသာမှန်ပါတယ်။ အလုပ်အကိုင် အခြေအနေ၊ ရာသီဥတု အသက်အရွယ် လူကိုယ်ခန္ဓာပေါ်မူတည်ပြီးကွဲပါတယ်။ ဒါကြောင့် လိုရင်သောက်ပါ။ ဘယ်အချိန်လိုပါသလဲ။

တစ်နည်းပဲ ကျနော်လဲ သေချာ သိပါတယ်။ ဆီးသွားတဲ့အခါ ၀ါ နေရင် ကိုယ်ခန္ဓာမှာရေလိုနေတယ်လို့ ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ Vitamin B, မုန်လာဥနီတွေ၊ Multivitamin yellow color တွေမစားပဲ ၀ါ နေရင် အဲ့ဒါ ရေလိုတာပါ။ အဲ့ဒါကို သတိထားပြီးရေသောက်ပေးဖို့လိုပါတယ်။



အကောင်းဆုံးက အလုပ်လုပ်နေတဲ့အချိန်မှာ ရေခွက်၊ ရေပုလင်းကို ဘေးနားချထားပြီးမှန်မှန်လေး သောက်နေတာဖြစ်ပါတယ်။ တနေရာကို သွားလာတဲ့အခါ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရေဘူးလေး ယူထားပြီး မှန်မှန်သောက်နေသင့်ပါတယ်။ နေပူထဲသွားတဲ့အခါ လက်ထဲမှာရေဗူးလေး အမြဲဆောင်ထားပြီး သောက်နေသင့်ပါတယ်။ ကိုယ်ခန္ဓာက ချွေးတအားထွက်တဲ့အခါ ရေသောက်သင့်ပါတယ်။

ရေဆာမှ ရေကို တအားမော့ သောက်တာထက် ရေမဆာခင် မှန်မှန်လေး ရေဖြည့်နေတာ ကောင်းပါတယ်။ သွေးလှူတဲ့ လူတွေဆို ပိုအရေးကြီးပါတယ်။ မလှူခင် ၃ ရက်လောက် ရေကို တစ်စွတ်စွတ်သောက်နေတာကောင်းပါတယ်။ လိုတော့မှ ပုလင်းလိုက် ကြိုက်နေရင် လူဟာ ရေကို ချက်ခြင်း မစုပ်ယူနိုင်တဲ့ အတွက် ပိုတာတွေကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ပစ်ပါတယ်။

ရေနွေးကြမ်းဟာ ရေဓါတ်ဖြည့်ပေးတဲ့ ကောင်းတဲ့ အရည်ဖြစ်ပါတယ်။ ရေဟာ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ အခြေခံ ဖြစ်ပါတယ်။ ရေဗူး ဆောင်တဲ့အခါ တတ်နိုင်သလောက် ပလတ်စတစ် ဗူးတွေ တတ်နိုင်သလောကရှောင်ပါ။ ပလတ်စတစ်ဗူးမှာ BPA ဆိုတဲ့ ပစ္စည်းပါသလို ကြာကြာဆောင်လို့ အပူထဲမှာ ထားရင် ကင်ဆာ ဖြစ်စေတဲ့ ဓါတ်ပစ္စည်းထွက်တယ်ဆိုတာက ရှိပါသေးတယ်။ ပလတ်စတစ် ရေဗူးမှာ အကြည်မဟုတ်ပဲ အနောက်ဟာ နည်းနည်းပိုကောင်းတယ် ဆိုပါတယ်။ ကျနော်ကတော့ ဖန်ပုလင်းနဲ့ သောက်တာပါ။
ကျန်းမာစွာ ချမ်းသာ ကြပါစေ။

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်