ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်


ရေးသားသူ - Dr. KMN

H1N1 ရောဂါကို ကာကွယ်ဆေးထိုးလို့ရတယ်ဆိုပြီး
ခပ်ပေါ့ပေါ့ပြောနေကြတာတွေနဲ့ပတ်သတ်ပြီး
နည်းနည်းတော့ပြောချင်ပါတယ်။

အခု လက်ရှိရာသီ အတွက် ထုတ်ထားတဲ့ 
တုပ်ကွေး ကာကွယ်ဆေး မှာ
Seasonal H1N1 ( ရာသီပေါ် H1N1)ရယ် 
H3N2 ရယ် အတွက် 
ကာကွယ်နိုင်မှာတွေပဲ ပါပါတယ်။

ဒါပေမယ့် Novel H1N1 ဆိုတဲ့ 
အသွင်းပြောင်း H1N1 ကိုတော့ 
လုံးဝမကာကွယ်နိုင်မှာမဟုတ်ပါ။

H1N1 Virus ပိုးတွေရဲ့ ထူခြားချက် က
မျိုးစိတ်ကွဲ တစ်ခု တည်းမှာတင်
မျိုးဗီဇ နည်းနည်း နည်းနည်း ပြောင်းပြီး 
ပေါ်ပေါ် လာတတ်တာပါပဲ။

ဆိုလိုချင်တာက 
ပြီးခဲ့တဲ့ ရာသီ က ပေါ်ခဲ့တဲ့ "H1N1" နဲ့ 
နောက်တစ်ရာသီ မှာ ပေါ်မယ့် "H1N1" 
ချွတ်စွပ် မတူတာမျိုးပါ။
အဲဒါကြောင့် ကုသရန်ဆေးဆိုတာကလည်း
ရောဂါပိုးပေါ်ပြီးမှ စမ်းသပ်ရတာဖြစ်တဲ့အတွက်
ကုသရန် ဆေးမရှိဘူးလို့တောင် ပြောလို့ရပါတယ်။
ကုသဖို့အင်မတန်မှ ခက်ခဲပါတယ်။
လူနာရဲ့ကိုယ်ခံအား တစ်နည်း 
ကံတရားအပေါ်မှာသာ
အဓိကမူတည်ပါတယ်။

အဓိက ကြောက်ရမှာ စိုးရိမ်မှာ က
လူတွေ အများကြီး အစုလိုက် အပြုံလိုက် ကို
ကပ်ရောဂါ အသွင်နဲ့ ကူးစက်နိုင်ပြီး
ကူးစက်သူ အများစု ကို မြန်မြန်ဆန်ဆန် 
အသက်ဆုံးရှုံးစေတဲ့ အထိ အန္တရာယ်ပေးနိုင်တဲ့
အသွင်ပြောင်း H1N1 အမျိုးအစားပါ။

ပြောခဲ့သလိုပဲ သူက မျိုးဗီဇ 
ပြောင်းရင်းပြောင်းရင်း ကနေ
တော်တော် ပြင်းထန်တဲ့ အဆင့် ကို 
ပြောင်းသွားတတ်တဲ့ အမျိုးပါ
သူ့ကို ကပ်ရောဂါ တစ်မျိုးအဖြစ်
သတ်မှတ်ပါတယ်....!

RIDTs ဆိုတဲ့ စမ်းသပ်စစ်ဆေးမှု နဲ့တော့
Seasonal H1N1 ရာသီပေါ်တုပ်ကွေး လား
အသွင်ပြောင်း H1N1 လား မခွဲခြားနိုင်ပါဘူး။

အဲ့သည်လို ခွဲနိုင်ဖို့က တစ်ခြား အထူးပြုထားတဲ့
စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုပါသေးတယ်....!
မြန်မာပြည်မှာ အဲလိုရှာဖွေနိုင်တဲ့နည်းပညာမရှိပါ။
အနောက်နိုင်ငံတွေမှာတောင် စမ်းသပ်ဆဲအဆင့်ပါ။

အခု မြန်မာပြည်ကလူနာတွေမှာဖြစ်ပွားနေတဲ့ 
H1N1 ဟာ အသွင်းပြောင်း H1N1 က 
ဘယ်လို အသွင်ပြောင်းနေမှန်း 
စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အတွက် 
အသေအချာ မပြောနိုင်သေးပါ။

ဒါကြောင့် ခုဖြစ်နေတယ်ဆိုတာ က
Seasonal H1N1 ရာသီပေါ်H1N1 လား
အသွင်ပြောင်း H1N1 လားဆိုတာ
သိကြရဖို့ လိုပါတယ်။

ကာကွယ်ဆေး ထိုးမယ်ဆိုရင်လည်း
အခုထိုး အခုထပြီး မကာကွယ်နိုင်ပါ။

ဆေးထိုးပြီး အနည်းဆုံး ၂ ပတ်ကနေ 
၃ ပတ် အကြာမှ စပြီး ကာကွယ်မှု ရနိုင်မှာပါ
ဒါတောင် Seasonal H1N1 အတွက်ပဲ 
သေချာနိုင်ပါမယ်...ဒါတောင်
လက်ရှိ တစ်ရာသီ အတွက်ပဲ ကာကွယ်နိုင်ပါမယ်...!

အခုလို ဈေးကွက် ထဲ မှာ 
ကာကွယ်ဆေး လက်ကျန် နည်းနေတဲ့ အချိန်
အိမ်နီးချင်းနိုင်ငံ တွေမှာတောင်
ကာကွယ်ဆေး မရလို့ 
ဘာလုပ်ရမှန်းမသိ ဖြစ်နေကြချိန်ဖြစ်ပါတယ်

အိမ်နီးချင်းနိုင်ငံတွေကနေ 
အခုချိန်ကြမှထမှာပြီး
Hand-Carry ဖြင့် ပုဂ္ဂလိကဆေးခန်းတွေမှာ 
ထိုးတာဟာ ဆေးသယ်ဆောင်လာချိန်
အပူချိန်ထိန်းသိမ်းမှု 
ကာကွယ်ဆေး ထားသိုမှု
မမှန်နိုင်တာကြောင့် ဆိုးကျိုးတောင် ပိုများနိုင်ပါတယ်။

သူတို့ဘက်က စိတ်ချရတယ်လို့ပြောတိုင်း
အလွယ်မယုံပါနဲ့။
အသွင်ပြောင်း H1N1 ကို 
ကမ္ဘာနိုင်ငံကြီးတွေမှာတောင်
မကာကွယ်နိုင်သေးပါဘူး။

ထိုးရင်လည်း လူကြီးအတွက် နဲ့ 
ကလေးအတွက် ဆိုပြီး
အသက် ၃ နှစ် အထက် အတွက် နဲ့
အသက် ၆ လ ကနေ ၃ နှစ် အထိ ဆိုပြီး
၂ မျိုး ခွဲထားတာ သတိပြုကြပါ။

ကျွန်တော် ကိုယ်တိုင်လည်း
ကာကွယ်ဆေးထိုးမထားပါ။
မိသားစု ကိုလည်း မထိုးပေးထားရသေးပါ
မကူးစက်ဘူးလို့ အာမ မခံနိုင်တာခြင်းအတူတူ
ဘေးထွက်ဆိုးကျိုးအဖြစ်မခံနိုင်လို့ပါ။

ကာကွယ်မှုအဆင့်ဆင့်ကိုသာအထူး
ဂရုပြုလိုက်နာကြပါ။

Comments

Popular posts from this blog

နွားနို့