နံနက်စာ မစားတဲ့သူတွေ ဘာဖြစ်နိုင်လဲ 😒🥗


ရေးသားသူ - AD - Secret Diary
ဒီနေ့တော့ AD က နံနက်စာကို အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အကျိုးရှိအောင် ဘယ်လိုစားရမလဲ၊ ဘာတွေစားရမလဲ၊ စတာတွေကို ဖော်ပြပေးချင်ပါတယ်။ အရင်ဆုံး နံနက်စာမစားတဲ့သူတွေ ဘာဖြစ်နိုင်လဲဆိုတာ ပြောပြပေးမယ်နော်။

1. Gym ဆော့ပေမယ့် ကိတ်မလာတော့ဘူး။ 🏋🏋️‍♀️⏳🤷‍♂️🤷‍♀️

နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကိုစားပေးရပါတယ်။ မစားဘူးဆိုရင်တော့ သင်လိုချင်တဲ့အကိတ် goal နဲ့ ဝေးသွားမှာပါ။

2. ဦးနှောက်မကောင်းတော့ဘူး။ 🙄😮🤔😵

နံနက်စာစားပေးတဲ့အခါ ဦးနှောက်အားကောင်းစေပါတယ်။ နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဥာဏ်စွမ်းရည် ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်အသုံးပြုအလုပ်လုပ်ရတဲ့သူတွေဟာ နံနက်စာစားပေးသင့်ပါတယ်။

3. ဆံပင်ကျွတ်နိုင်တယ်။ 😐😐😐😐

နံနက်စာမစားတဲ့အခါ ပရိုတင်းကို ပြည့်ဝစွာမရရှိနိုင်ဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin မရရှိတော့ပါဘူး။ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေမဖြစ်ချင်ရင်တော့ နံနက်စာစာပေးပါနော်။

4. နှလုံးရောဂါ ဖြစ်လာမယ်။ 💓💔💓💔

နံနက်စာမစားတဲ့သူဟာ ကြာလာလေလေ နှလုံးအားနည်းလာလေဖြစ်ပြီး ရုတ်တရပ်အသက်ရှူရပ်ကာသေစေနိုင်တဲ့ နှလုံးရောဂါကို လက်ဆောင်ရသွားမှာပါ။ ရင်ခုန်သံတွေမှန်နေစေဖို့ နံနက်စာ စားကြရအောင်။

5. အားကိုးချင်စရာလူအဖြစ် မရပ်တည်နိုင်ပါဘူး။ 🙎‍♂️🙎🙎‍♂️🙍

နံနက်စာမစားတဲ့သူဟာ သူ့မှာ အားအင်အလုံအလောက်မရှိမှန်း သူ့ဘာသာသူ မသိပါဘူး။ ဒါပေမယ့် နှစ်တွေအများကြီးကြာလာတဲ့အခါ သူဟာ သူများလိုကျန်းမာသန်စွမ်းတော့မှာမဟုတ်ပါဘူး။ အမောလွယ်မယ်။ အားနည်းမယ်။ မူးမယ်။ မောမယ်။ ပင်ပန်းလွယ်မယ်။ အားကိုးချင်စရာ မဖြစ်တော့ဘူးပေါ့။

6. ငယ်ရွယ်နုပျိုမှုတွေ အကုန်မြန်လာမယ်။ 👦⏳👨⏳👴

ငယ်ရွယ်တုန်းမှာ နံနက်စာမစားပေမယ့် အလုပ်လုပ်နိုင်ကြပါတယ်။ ဒါဟာ ငယ်ရွယ်နုပျိုမှုကြောင့်သက်သက် လုပ်နိုင်နေတာပါ။ တစ်နည်းပြောရရင် သန်မြန်ဖျတ်လတ်တဲ့ ငယ်ရွယ်မှုကို ဖြုန်းပစ်လိုက်တာပါ။ အဲ့ဒီအခါ သူများအသက် ၄၀ သန်မြန်နေပေမယ့် ကိုယ်ကတော့ အသက် ၄၀ လောက်နဲ့ အင်အားချိနဲ့သူ အဖိုးအဖွားတွေ ဖြစ်နေရမှာပါ။

ဒါတွေက အမြဲ နံနက်စာမစားတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ချေအများဆုံး အကြောင်းအရာတွေပါ။ အဓိကက နံနက်ဆို ဗိုက်ဟောင်းလောင်းနဲ့မနေဖို့ပါပဲ။ အခုဆက်ပြီး ကျန်းမာရေးနဲ့အလှအပအတွက် စားသင့်တဲ့နံနက်စာပုံစံကို ပြောပြပေးပါမယ်။

တစ်ပါတ်မှာ ၇ ရက်ရှိတယ်။ ၄ ရက်ကိုကျန်းမာရေးနဲ့ အလှအပအတွက်ကောင်းတာတွေစားမယ်။ ကျန် ၂ ရက်ကို ပုံမှန်မြန်မာနံနက်စာနဲ့ ကျန်တဲ့ ၁ ရက်ကို ကြိုက်တာစားမယ်လို့ AD က သတ်မှတ်ထားပါတယ်။

🥗 ကျန်းမာရေးနဲ့ အလှအပအတွက်ကောင်းတဲ့ နံနက်စာတွေ 🥗

1. ကြက်ဥပြုတ် ၁ လုံး (သို့မဟုတ်) ၂ လုံး 🥚🥚
2. ငှက်ပျောသီး 🍌🍌
3. သင်္ဘောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ပန်းသီး 🍍🍉
4. ဘယ်ရီသီးများ 🍒🍓
5. ထောပတ်သီး၊ ကီဝီသီး 🥑🥝
6. ပြောင်းဖူး 🌽🌽
7. ကွေကာအုပ် 🥛🥛
8. နွားနို့ 🥛🥛
9. Green Tea 🍵🍵
10. ပေါင်မုန့်ကြမ်း 🍞🥖
11. နံပြားနဲ့ ပဲပြုတ် 🌮🌮

ဒါလေးတွေကို အလျဉ်းသင့်သလို စားပေးပါ။ အသားအရေလှချင်တဲ့သူက သစ်သီး ၂ မျိုး၊ gym ကစားတဲ့သူတွေက ကြက်ဥနဲ့ ကွေကာလိုမျိုး၊ ဒီလို အလှအပအတွက် ဂရုစိုက်စားပေးသင့်ပါတယ်။ မြန်မာနံနက်စာထဲမှာတော့ အန္တရာယ်မပေးတဲ့ စားစရာတစ်မျိုးက မီးနဲ့ပဲဖုတ်တဲ့ နံပြားပါ။ ဆီကြော်မဟုတ်တဲ့ နံပြားနဲ့ ပဲပြုတ်က အကျိုးရှိတဲ့ နံနက်စာပါပဲ။

🍛 ပုံမှန် မြန်မာနံနက်စာတွေ 🍛

မုန့်ဟင်းခါး၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ အီကြာကွေး၊ စမူဆာ စတဲ့ ကျန်းမာရေးနဲ့ အလှအပအတွက်သိပ်အကျိုးမပြုပေမယ့် စားကောင်းတဲ့နံနက်စာတွေကိုတော့ ၂ ရက်စားပေးလည်း ရပါတယ်။

👍 အရမ်းကြိုက်တဲ့ စားစရာတွေ 👍

ပီဇာ၊ ဘာဂါ၊ ဆူရှီ၊ ကိတ်မုန့်၊ လက်ဖက်ရည်၊ ကော်ဖီအေး၊ အကြော် အလှော် စတဲ့ နံနက်စာအဖြစ်တောင့်တသမျှ အရာမှန်သမျှ၊ အကျိုးမရှိလည်းစားချင်တာမှန်သမျှကို ၁ ရက်စားနိုင်ပါတယ်။ ၁ ရက်လောက်တော့ ကြိုက်တာလုပ်ပေါ့။

AD ရဲ့ တစ်ပါတ်စာ နံနက်စာဇယားက ဒီလိုပါ...

Monday - အကျိုးရှိနံနက်စာ
Tuesday - ပုံမှန်နံနက်စာ
Wednessday - အကျိုးရှိနံနက်စာ
Thursday - ပုံမှန်နံနက်စာ
Friday - အကျိုးရှိနံနက်စာ
Saturday - ကြိုက်ရာနံနက်စာ
Sunday - အကျိုးရှိနံနက်စာ

ဘာမျှမစားတာထက်တော့ နံနက်စာစားတာကကောင်းပါတယ်။ ကွေကာလေးတစ်ခွက်တော့ သောက်နိုင်ပါတယ်။ မစားချင်ဘူး၊ မစားချင်ဘူးဆိုပြီး မစားတဲ့အကျင့်ကိုဖျောက်ပါ။ မကြိုက်လည်းစားရင်း အကျင့်ရသွားတဲ့အခါ စားဖြစ်သွားပါလိမ့်မယ်။

နောက်တစ်ခုက နံနက်စာဆိုတာ ၉ နာရီခွဲအထိပဲ အကျုံးဝင်ပါတယ်။ အဲ့ဒီအချိန်အတွင်း သေချာစားပါ။ AD ကတော့ ၈ နာရီခွဲကနေ ၉ နာရီအတွင်း အမြဲစားပါတယ်။

နံနက်စာဟာ စားရင်စားသလောက် အကျိုးဖြစ်စေပါတယ်။ အားဖြစ်စေပါတယ်။ ညစာလျော့စားတာ ကောင်းသလိုပဲ နံနက်စာများများစားတာဟာ ကောင်းပါတယ်။ ကိတ်မုန့်လို အကျိုးမရှိတာတွေတော့ အမြဲမစားနဲ့ပေါ့။

အိပ်ရာထနောက်ကျတဲ့သူတွေ
နံနက်စာတမင်မစားတဲ့သူတွေ
စားရမှာပျင်းတတ်တဲ့သူတွေ
မစားဘူးလုပ်နေတဲ့သူတွေရှိရင်

အဲ့လိုမျိုးချစ်သူ
အဲ့လိုမျိုးသူငယ်ချင်းတွေရှိရင်

mentioned ပေးပြီး ဒီစာကိုဖတ်အောင် လုပ်ပေးလိုက်ကြပါနော်။

လူတိုင်း နံနက်စာစားတတ်ကြဖို့ မျှော်လင့်ရင်း

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်