ရေသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇)ခု
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိပါသလား… တစ်ရက်ကို အနည်းဆုံး ရေဖန်ခွက် (၈)ခွက်လောက် သောက်ဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ ဘာကြောင့် ရေများများသောက်ပေးသင့်လဲဆိုတာတာကို နားလည်ဖို့ ရေသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာအောင် ကူညီပေးတယ် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ ကျဆင်းသွားပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ရေဓာတ်ရဲ့ ၂ ရာခိုင်နှုန်းလောက် လျော့နည်းသွားရင်တောင် ရေဓာတ်ခမ်းခြောက်မှု ဒဏ်တွေကို စတင်ခံစားရမှာပါ။ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခန္ဓာကိုယ်အပူချိန် ပြောင်းလဲတာ၊ စိတ်အားတက်ကြွမှု ကျဆင်းသွားတာ၊ ပင်ပန်းနွမ်းနယ်လာတာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်လာနိုင်ပါတယ်။ ဒါေ့ကြာင့် ရေများများသောက်ပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို လျော့နည်းမသွားအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ ၂။ ခွန်အားပမာဏနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်စေတယ်။ သင့်...