Beer မှာ အလှအပကို အထောက်အကူပြုနိုင်တဲ့ဓါတ်တွေပါတယ် ဆိုတာသိပါသလား??? 🤩🤩🤩


Beer ဆိုတာကို သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ပဲ သောက်ပြီး အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နိုင်တယ်လို့ထင်နေရင်တော့ မှားပါမယ်။ Beer မှာ သင်ကိုယ်တိုင်တောင် မထင်မှတ်နိုင်လောက်တဲ့ အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ 👇👇👇
Beer မှာ အလှအပကိုအထောက်အကူပြုနိုင်တဲ့ဓါတ်တွေပါပါတယ်။
Beer ကို Hair Care အတွက်လည်း အသုံးပြုနိုင်ပါတယ်။အံ့သြသွားမလား မသိဘူး။ Beer ကို ဘယ်လို Hair Care လုပ်နိုင်လဲဆိုတော့... 🧐🧐🧐

(1) Natural Conditioner အဖြစ် အသုံးပြုနိုင်ပါတယ်။
Beer က ဆံပင်တွေကို ကြံ့ခိုင်စေပြီး ဆံပင်ထူလာစေပါတယ်။Beer ကိုခေါင်းလျှော်ရည်အဖြစ်အသုံးပြုပေးမယ်ဆိုရင် ဆံပင်တွေကို ထူလာစေပြီး ဆံသားကြံ့ခိုင်စေလို့ ပါးလွှာနေတဲ့ ဆံပင်တွေကို ဘိုင့်ဘိုင်သာပြလိုက်ပါ။

(2) ဆံပင်က Protein ဓါတ်နဲ့အများဆုံးပါဝင်တာဆိုတော့ မုယောစပါးနဲ့လုပ်ထားတဲ့ Beer က Protein ဓါတ်ကို ဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို Beer နဲ့ခေါင်းလျှော်ပေးခြင်းအားဖြင့် Protein ဓါတ်ကိုဖြည့်ပေးနိုင်ပါတယ်။

(3) Beer မှာ ပါဝင်တဲ့ Vitamin B နဲ့ အမြှပ်တွေက ဦးရေပြားဗောက်ထတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ၂ ကြိမ်သို့ ၃ ကြိမ် Beer နဲ့ခေါင်းလျှော်ပေးတာနဲ့ ဗောက်လုံးဝကင်းစင်စေမှာပါ။

Beer က အသားအရည်အတွက်လည်း အကျိုးရှိသေးတယ်တဲ့.. 🙄🙄🙄
ဘာများပါလိမ့်… 🤔🤔🤔

(1) Beer မှာ ပါဝင်တဲ့ Vitamin က ၀က်ခြံထွက်တာကိုလည်းသက်သာစေပြီး မျက်နှာအသားအရည်ကို Glow စေပါတယ်။ အိမ်မှာ Beer ကို face pack လုပ်ပြီး သုံးကြည့်မှာ ထူးခြားမှုကိုတွေ့စေမှာပါ။

(2) Beer ကို cleanser အနေနဲ့လည်း အသုံးပြုလို့ရနိုင်ပါတယ်။ အသားအရည်ပေါ်မှာရှိတဲ့ dead cells တွေကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရည်ကိုလည်း ph balance ညီစပေါတယ်။

(3) Beer ကို Lemon Juice နဲ့ရောပြီး သုံးပေးမယ်ဆို ချွေးပေါက်တာနဲ့ black spot တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အသားအရည်က နုဖတ်နေပြီးတော့ လန်းဆန်းမှုကို ခံစားရမှာပါ။

သောက်လည်းသောက်လို့ရတယ် အလှအပအတွက်လည်း အသုံးပြုလို့ရတဲ့ Beer ရဲ့ ကောင်းကျိုးတွေကို သိပြီဆိုတော့ အခုပဲ Beer တစ်ဗူးပြေးဝယ်ပြီး skin care ကြတော့မလား။Beer ကြိုက်တဲ့ကိုယ့်သူငယ်ချင်းတွေကိုလည်း သောက်ပဲသောက်မနေသင့်ကြောင်းနဲ့ skin care လည်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်း ပြောပြဖို့ အခုပဲ မန်းရှင်းကြမယ်လေ…. 🤭🤭🤭 #SharingIsCaring

#CreditByYatharMagazine

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်