ရေသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇)ခု


ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိပါသလား…

တစ်ရက်ကို အနည်းဆုံး ရေဖန်ခွက် (၈)ခွက်လောက် သောက်ဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ ဘာကြောင့် ရေများများသောက်ပေးသင့်လဲဆိုတာတာကို နားလည်ဖို့ ရေသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာအောင် ကူညီပေးတယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ ကျဆင်းသွားပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ရေဓာတ်ရဲ့ ၂ ရာခိုင်နှုန်းလောက် လျော့နည်းသွားရင်တောင် ရေဓာတ်ခမ်းခြောက်မှု ဒဏ်တွေကို စတင်ခံစားရမှာပါ။ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခန္ဓာကိုယ်အပူချိန် ပြောင်းလဲတာ၊ စိတ်အားတက်ကြွမှု ကျဆင်းသွားတာ၊ ပင်ပန်းနွမ်းနယ်လာတာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်လာနိုင်ပါတယ်။ ဒါေ့ကြာင့် ရေများများသောက်ပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို လျော့နည်းမသွားအောင် ထိန်းသိမ်းဖို့ လိုပါတယ်။

၂။ ခွန်အားပမာဏနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်စေတယ်။

သင့်ဦးနှောက်က ရေဓာတ်ရဲ့ လွှမ်းမိုးမှုကို အဓိကလိုအပ်ပါတယ်။ လေ့လာမှုတွေအရ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ရေဓာတ်ခမ်းခြောက်သွားမယ်ဆိုရင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စိတ်ခံစားမှု မကောင်းတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ ခေါင်းမကြာခဏကိုက်တာတွေကို ခံစားရနိုင်ပါတယ်။

၃။ ရေသောက်ခြင်းက ခေါင်းကိုက်ခြင်းကို ကာကွယ်ကုသပေးနိုင်တယ်။

ရေဓာတ်ခမ်းခြောက်ခြင်းက ခေါင်းကိုက်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်တာကို ရေသောက်ရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်နေပြီဆိုရင် အရင်ဆုံးရေသောက်ကြည့်ပါ။

၎။ ရေများများသောက်ခြင်းက ၀မ်းချုပ်ခြင်းကို သက်သာစေနိုင်တယ်။

ဝမ်းချုပ်ခြင်းဟာ အများများတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာဟောင်းရွေ့လျားမှု မူမမှန်ခြင်းကြောင့် ၀မ်းချုပ်တတ်ကြပါတယ်။ ရေသောက်နည်းခြင်းဟာလည်း ၀မ်းချုပ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ခြင်းအားဖြင့် ၀မ်းချုပ်ခြင်းကို သက်သာပြီး နောက်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

၅။ ရေများများသောက်ခြင်းအားဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်နိုင်တယ်။
ရေများများသောက်ခြင်းအားဖြင့် ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ရေများများသောက်တဲ့အခါ ကျောက်ကပ်အတွင်း ဆီးလည်ပတ်စီးဆင်းမှုပမာဏကို များလာစေပြီး အညစ်အကြေးတွေ အနယ်ထိုင်ပြီး ကျောက်မတည်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၆။ အရက်နာကျခြင်းကို ကာကွယ်နိုင်တယ်။

အရက်သောက်ပြီးရင် အရက်နာကျတာက ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ အယ်ကိုဟောဓာတ်ကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်သွားစေနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာက အရက်နာကျခြင်းရဲ့ အဓိကအကြော်င်းရင်း မဟုတ်ပေမယ့် ရေများများသောက်ခြင်းအားဖြင့် အရက်နာကျတဲ့ ဝေဒနာတွေဖြစ်တဲ့ ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်းတို့ကို သက်သာစေပါတယ်။

၇။ ရေများများသောက်ခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီနိုင်တယ်။

ရေများများသောက်ခြင်းအားဖြင့် ဆာလောင်မှုကို လျော့ပါးသက်သားစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အရှိန်တိုးမြင့်စေပါတယ်။ လေ့လာမှုတွေအရ ရေလီတာဝက်သောက်ခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို ၂၄ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တစ်နာရီခွဲကြာအောင် တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေနှစ်လီတာသောက်ပေးမယ်ဆိုရင် တစ်နေ့ကို ကယ်လိုရီ ပမာဏ ၉၆ အထိ လောင်ကျွမ်းသွားအောင် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ရေသောက်ချိန်ကလည်း အရေးကြီးပါတယ်။ အစာမစားခင် နာရီဝက်အလိုလောက်မှာ ရေသောက်ခြင်းက အကျိုးအရှိဆုံးဖြစ်ပါတယ်။ ရေသောက်ထားတဲ့အတွက် အစာစားသုံးမှုနည်းသွားစေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်