အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူက ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်တဲ့


အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူက ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်တဲ့။

အဖြေကတော့
ဒီလူဟာ
မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့ ။

မုန့်ဟင်းခါးမှာပါတဲ့
မုန့်ဖတ် မချဉ်အောင်
မပုတ် မသိုးအောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့ ။

မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း
မုန့်ဖတ်တွေ မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့ ဖေါ်မလင်တွေ
သုံးကြတယ်ဆိုတာ့ 

ကျနော်လည်း
ကြားဖူးတာတော့ကြာပြီ။

မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက
လူတကါကသုံးနေကြလို့ သူတို့လည်းမသုံးမဖြစ် သုံးလိုက်ရတာပါပဲတဲ့။

ဒီကြားထဲ
သစ်သီးသည်တွေက မှည့်ဆေးတွေသုံး
ငပိငခြောက်ကဓါတုဆေးတွေဖြန်း
ထုတ်ထိုးသည်ကအစ ဆေးတွေဖြန်းလိုက်ကြ
သေးတယ် ။

အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေအကြားမှာ
နေထိုင်ရှင်သန်နေကြရတဲ့ဘဝတွေထဲက

ငါ့အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း

သဗ္ဗေသတ္တာ ကမ္မသကါ ပါပဲ ။

Zawwin Hlaing.

credit- 7-7-2018 ရက်နေ့ထုတ်
ကြေးမုံ သတင်းစာပါ
ကြည်လွင်မြင့်( မုဒြာ) ၏ဆောင်းပါးမှ အချက်အလက်အချို့ ။

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်