တစ်ညတာအတွင်း ဝက်ခြံပျောက်စေမယ့် အလွယ်ကူဆုံး နည်းလမ်းများ


ဝက်ခြံ ဖုတွေကို တစ်ညအတွင်း ကုစားပေးမယ့် အလွယ် ကူဆုံး နည်းလမ်း ၉ မျိုးကို We ရဲ့ ပရိတ်သတ်တွေ အတွက် ဖော်ပြေ ပးလိုက်ပါတယ်။

၁. Calamine လူးဆေး ။ အပူလောင်တဲ့အခါ မိတ်တွေထွက်တဲ့အခါ ငယ်ငယ်လေးကတည်းက လိမ်းရတဲ့ပန်းရောင်လူးဆေးလေးကိုသိတယ်ဟုတ်။ ညအိပ်ယာမဝင်ခင်မျက်နှာသစ်ပြီးသွားတော့ ဒီပန်းရောင် လူးဆေးလေးကို ဖုထွက်နေတဲ့နေရာလေးမှာ လူပေးထားပါ။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝဝ အိပ်ဖို့တော့ လိုမယ်နော်။ မနက်အိပ်ယာနိုးလို့ မျက်နှာသစ်တဲ့အခါ မနေ့ကထက် အယောင်လျော့ပြီး ဝက်ခြံညှိုးလာတာကို သိသာထင်ရှားစွာတွေ့နိုင်ပါတယ်။

၂. ပျားရည် ။ ပျားရည်ဟာ ဝက်ခြံဖုတွေကို ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ ပျားရည်ဟာ သဘာဝပိုးသတ်ဆေးတစ်မျိုးပါ။ ဝက်ခြံဖုကိုဖြစ်ပေါ်စေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးဖို့ ပျားရည်ကို ဝက်ခြံဖုပေါ်သို့ တစ်နာရီလောက် တို့ပေးထားပါ။ ပျားရည်တို့ထားတဲ့နေရာခြောက်သွားတဲ့အခါ ရေသန့်နဲ့ဆေးချပေးပါ။ သိသာတဲ့ရလဒ်ကို နောက်နေ့အိပ်ယာနိုးတဲ့အခါ တွေ့ရပါလိမ့်မယ်။

၃. ရေခဲ ။ ရေခဲကပ်ပေးခြင်းအားဖြင့် ယောင်ယမ်းမှုတွေအားလုံးကို သက်သာစေတယ်ဆိုတာသိပြီးသားမလား။ ပထမဆုံး ရေခဲကို သန့်ရှင်းပြီး နူးညံ့တဲ့ ပိတ်စပါးလေးထဲမှာ ထုပ်လိုက်ပါ။ ထို့နောက် ဝက်ခြံဖုထွက်တဲ့ နေရာလေးပေါ်မှာ မိနစ်အနည်းငယ်မျှကပ်ပေးထားလိုက်ပါ။ ဝက်ခြံဖုဟာ ချက်ချင်း ချပ်ရပ်သွားပြီး အေးမြမှုနဲ့အတူ ဝက်ခြံထွက်လို့ စပ်တာတွေပါ သက်သာသွားပါလိမ့်မယ်။

၎. သွားတိုက်ဆေး။ သွားတိုက်ဆေးဟာလည်း ဝက်ခြံဖုတွေကို ကုသပေးဖို့အတွက် အသုံးဝင်ပါသေးတယ်။ သွားတိုက်ဆေး အနည်းငယ်ကို ယူပြီး ဝက်ခြံဖုရှိတဲ့ နေရာမှာ တို့ပြီး တညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။ နောက်နေ့မိုးလင်းတာနဲ့ သာသာယာယာ အပြင်ထွက်လို့ရပါပြီ။ သွားတိုက်ဆေး အဖြူရောင်နော်။ ဂျယ်လ်အမျိုးအစားမဟုတ်ဘူး။ သွားတိုက်ဆေးဟာ ဝက်ခြံရောင်ယမ်းမှုကိုဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်တာမို့ ဝက်ခြံဖုယောင်လာရင် သွားတိုက်ဆေးလေးသာ ပြေးတို့လိုက်ပါ။

၅. လိမ္မော်ခွံ နဲ့ လိမ္မော်ရည် ။ အလှအပဆိုင်ရာ အရေပြားအထူးကုဆရာဝန်ကြီးများရဲ့ အတွေ့အကြုံနဲ့ ဖော်ပြချက်အရ လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင် စီဟာ ဝက်ခြံဖုတွေကို ကုစားတဲ့နေရာမှာ သိပ်ကို အသုံးဝင်လှပါတယ်။ ပထမဦးဆုံး လက်ကိုလည်း သန့်စင်နေအောင် ဆေးကြောလိုက်ပါ။ ထို့နောက်ရေနွေးလေးနဲ့ သင့်မျက်နှာကို စင်ကြယ်နေအောင် ဆေးကြောလိုက်ပါ။ ထို့နောက် လိမ္မော်ခွံနဲ့ ဝက်ခြံဖုရှိတဲ့နေရာလေးကို ပွတ်ပေးပါ။ ဝက်ခြံဖုတစ်ဖုကို ပွတ်ပေးပြီးတိုင်း လိမ္မော်ခွံအသစ်တစ်ခုလဲပေးပါနော်။ မဟုတ်ရင် ဝက်ခြံကြောင့်ထွက်တဲ့ ပိုးမွှားတွေကူးလာနိုင်လို့ပါ။ ထို့သို့ ပွတ်တိုက်ပြီးသည့်နောက် လိမ္မော်ရည်ထဲသို့ ဝါဂွမ်း အနု သန့်သန့်လေးကို နှစ်ပြီး ဝက်ခြံပေါက်တဲ့နေရာကိုပဲတို့ပေးထားလိုက်ပါ။ စိုစွတ်နေတဲ့ဝက်ခြံဖုခြောက်သွေ့သွားတဲ့အခါ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ ချွေးပေါက် ပိတ်စို့ခြင်းတွေကင်းဝေးပြီး ဝက်ခြံထပ်မထွက်လာအောင်ပါ တားဆီးပေးပါတယ်။ လိမ္မော်သီးတစ်လုံးမှာပါတဲ့ အက်ဆစ်ဓာတ်နဲ့ ဗီတာမင် စီဟာ ဝက်ခြံအတွက် အထူးကောင်းမွန်တဲ့ ကုထုံးပါ။

၆. ငှက်ပျောခွံ ။ ငှက်ပျောသီးနဲ့ပေါင်းတင်တာဟာ သင့် မျက်နှာအသားအရေအတွက် ကောင်းသလိုပဲ။ ငှက်ပျောခွံဟာလည်း ဝက်ခြံဝေဒနာတွေကို ကုစားပေးနိုင်ပါတယ်။ ငှက်ပျောခွံနဲ့ သင့်မျက်နှာတစ်လျောက် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ ဝက်ခြံဖုကြောင့်ဖြစ်တဲ့ နီမြန်းခြင်း၊ ယောင်ယမ်းခြင်းနဲ့ နာကျင်ခြင်းဝေဒနာတွေကို သက်သာစေပါတယ်။ ငှက်ပျောခွံနဲ့ မျက်နှာတစ်ဝိုက် ပွတ်ပေးပြီးသွားရင် မိနစ်သုံးဆယ်လောက်ထားပြီး ရေဆေးချပေးနော်။

၇. ရှားစောင်းလက်ပတ်။ လျားစောင်းလက်ပတ်ဂျယ်လ်ကို ဝက်ခြံထွက်တဲ့ နေရာမှာ တို့ပေးထားလိုက်ရုံနဲ့ ဝက်ခြံကြောင့်ဖြစ်လာတဲ့ ပိုးတွေသစေပြီး ယောင်ယမ်းခြင်းတွေ နီမြန်းခြင်းတွေ ယားယံတာတွေကိုပါ သက်သာစေပါတယ်။

၈. ကြက်သွန်ဖြူ ။ ကြက်သွန်ဖြူဟာ ပိုမွှားတွေကိုသေစေနိုင်သလို ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူကိုတော့ သူ့ချည်းပဲ သွားမသုံးမိပါစေနဲ့နော်။ ကြက်သွန်ဖြူထောင်းလို့ရလာတဲ့ အရည် ဒါမှမဟုတ် ကြိတ်စက်ထဲထည့်ပြီး ရလာတဲ့ အရည်ကို ရေနဲ့ရောပြီး ဂွမ်းအသန့် နုနုလေးကို ထိုအရည်ထဲ ၁၀မိနစ်လောက် စိမ်ထားလိုက်ပါ။ ရေမသုံးချင်လျှင် လျားစောင်းလက်ပတ် ဂျယ်လ်နဲ့လည်းရေလို့ရပါတယ်။ ထို့နောက် စိတ်ထားတဲ့ ဝါဂွမ်းစလေးတွေနဲ့ ဝက်ခြံထွက်တဲ့နေရာကို တို့ပေးရုံပါပဲ။ နောက်ဝက်ခြံထွက်မလာနိုင်အောင်ပါ ကာကွယ်နိုင်စွမ်းရှိပါတယ်။

၉. မုန့်ဖုတ်ဆိုဒါ ။ မုန့်ဖုတ်ဆိုဒါကို လီမွန်ရည် သို့မဟုတ် ရိုးရိုးရေနဲ့ ရောပြီး ဝက်ခြံရှိတဲ့နေရာကို တို့ထားလိုက်ပါ။ ၅ မိနစ်လောက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ငါးမိနစ်ထက် ပိုမထားပါနဲ့နော်။ အသားတစ်အားခြောက်တတ်လို့ပါ။ ထို့နောက် အစိုဓာတ်ထိန်းခရင်မ်လေး လိုအပ်ရင်လိမ်းပေးပါ။ ဝက်ခြံဖုလေးတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလေးတွေက အများကြီးဆိုပေမယ့် ဝက်ခြံကို အမြစ်ဖြတ်ဖို့ရာကတော့ သင့်တာဝန်ပါ။ အစားအသောက် အနေအထိုင်ကအစ ဆင်ခြင်သင့်ပါတယ်။ မဟုတ်ရင် သက်သာတာကလွဲပြီး ရောဂါပျောက်ကင်းဖို့ ခဲယဉ်းပါလိမ့်မယ်။

Comments

Popular posts from this blog

နွားနို့

ကျွန်တော်တို့မိသားစုကတော့ နှစ်စဉ်ထိုးနေကျမို့ ထိုးထားပါတယ်